အစိုးရတပ်မတော်မှ ဘုန်းတော်ကြီးကျောင်းဘက်သို့ လက်နက်ကြီးငယ်များ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်မှ သေနတ်ကြီးငယ်များ ရမ်းတမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနေအိမ်တစ်ချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စု တောင်ထိပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စေတနာရှင်ပြည်သူလူထုများမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဒေသခံများအတွက် စားသောက်ကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ လာရောက်ကူညီမည်ဖြစ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဒေသခံများသိရှိစေပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ အသံချဲ့စက်ဖြင့် ဒေသခံပြည်သူများအား အသိပေးကြေညာနေစဥ် ကျေးရွာတွင်းနေအိမ်တချို့တွင် တည်းခိုနေသည့် တပ်မတော်သားတစ်ချို့မှ အသံကြားရ၍ ကျေးရွာဘုန်းတော်ကြီးကျောင်းဘက်သို့ ၆၀ မမ လက်နက်ကြီးတစ်လုံးအပါအဝင် လက်နတ်ကြီးငယ်များ ရမ်းတမ်းပစ်ခတ်သည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိခိုက်ပျက်စီးသည် နေအိမ်မှာ လုံးနန္ဒာ၏ နေအိမ်နှင့် လုံးရွှေ၏ နေအိမ်တို့မှာ အိမ်အမိုးသွပ်ပြားထိခိုက်ပျက်စီးပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တပ်မတော်မှ ဒေသခံပြည်သူများအား ပုံဝိုးကျေးရွာသို့ သွပ်ပြားများ ဝယ်‌ခိုင်းပြီး ပျက်စီးသည့် နေအိမ်များအား ပြုပြင်ရန် အဓမ္မစေခိုင်းခဲ့ဟု သတင်းရရှိသည်။

ထို့အပြင် တောင်ထိပ်ကျေးရွာတွင်းရှိ တပ်မတော်မှ ကျေးရွာဘုန်းတော်ကြီးကျောင်းဘက်သို့ လက်နက်ကြီးငယ်များ ပစ်ခတ်ခဲ့ပြီးနောက် သူတို့တောင်ထိပ်ကျေးရွာသို့လာစဥ်ကတည်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား ကန်တော့ပူဇော်ခြင်းမပြုလုပ်ရသေး ကြောင်း ပြောဆိုကာ ငွေကျပ် ၂ သိန်းယူဆောင်ပြီး ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ထံသို့ ကပ်လှူပူဇော်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

၂၀၂၀ ခုနှစ် အောက်တိုလာလ ၁၀ ရက်နေ့မှ စ၍ ယခုလက်ရှိအချိန်တွင် ကျောက်မဲမြို့နယ်တွင်း သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ပေမယ့် ကျေးရွာတချို့တွင် အစိုးရတပ်မတော်မှ တည်ရှိနေသေးသည်ဖြစ်သောကြောင့် ဒေသခံပြည်သူများမှ အန္တာရာယ်မကင်းမည်ကိုစိုးရိမ်နေရကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း