အစိုးရတပ်မတော်တပ်ဖွဲ့မှ ဒေသခံပြည်သူအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် အစိုးရတပ်မတော်မှ ဒေသခံဆိုင်ရှင်၏ ရောင်းကုန်များအား ကျသင့်ငွေပေးချေခြင်းမရှိပဲ ယူဆောင်စားသုံးသည့်အပြင် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၉ ရက်နေ့ လင်းခေးခရိုင် မိုင်းပန်မြို့နယ် နားလောကျေးရွာအုပ်စု နောင်ပါမွန်ကျေးရွာ အခြေစိုက် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ ၅၇၅) လက်အောက်ခံ တပ်သား ကျော်မျိုးသူ နှင့် အမည်မသိ တပ်ကြပ်ကြီးတစ်ဦးသည် နားလောကျေးရွာ နှင့် မိုင်းဟောင်းကျေးရွာကြား လမ်းကင်းစောင့်တာ၀န်ကျရာ နေ့လည် ၁၁ ခွဲခန့်၌ ၎င်းတို့ ၂ ဦးသည် မိုင်းဟောင်းကျေးရွာရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် အရက် ၁ ပုလင်း၊ အချိုရည် ၂ ဗူး၊ အားဖြည့်အချိုရည် (M-150) ၂ ဗူး ယူဆောင်စားသုံးပြီး ကျသင့်ငွေပေးချေခြင်းမရှိသည့်အပြင် ဆိုင်ရှင်ထံမှ ငွေကျပ် ၁၀၀၀ ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ၎င်းတို့ ၂ ဦးသည် မိုင်းဟောင်းကျေးရွာအနီးရှိ နမ့်ပန်ချောင်းဖက်သို့ ထွက်သွားခဲ့ပြီး ဒေသခံများအား ကျည်တစ်ကပ်စာလောက် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ရာ ဒေသခံများလည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း လွိုင်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့ အင်အား ၅၀ ခန့်မှ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာ ဒေသခံ၏ ကားများအား ၎င်းတို့၏ စားနပ်ရိက္ခာ တင်ဆောင်ရန်အတွက် အဓမ္မချောဆွဲခဲ့ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း