အစိုးရတပ်တော်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်  ကျောက်မဲမြို့နယ်တွင် အစိုးရတပ်မတော် တစ်ဖက်သက် တိုက်ပွဲဖန်တီးပြီး လက်နက်ကြီးငယ်ပစ်ခတ်မှုကြောင့် နမ့်ဝါကျေးရွာဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် အစိုးရတပ်မတော် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တမခ-၁၀၁) အင်းအား ၆၉ ဦးခန့်မှ ဟဲကွီကျေးရွာအုပ်စု နမ့်ဝါကျေးရွာတွင်းဝင်ရောက်လာပြီး တစ်ဖက်သက်တိုက်ပွဲဖန်တီးကာ မြောက်ပစ်တောင်ပစ် လက်နက်ကြီးငယ်များဖြင့် ယမ်းတမ်းပစ်ခတ်မှုကြောင့် နမ့်ဝါကျေးရွာနေ ဒေသခံပြည်သူများထိပ်လှန့်၍ ဘေးကင်းရာ ဟဲကွီရွာမ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရွာလုံးကျွတ် ထွက်ပြေးသိမ်းရှောင်ခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့် ပတ်သက်၍  အစိုးရတပ်မတော်မှ နမ့်ဝါကျေးရွာအနီးတစ်ဝှက်သို့ ရောက်ရှိလာပြီး ၎င်းတို့မှ RCSS/SSA တည်ရှိသည်နေရာဟု ထင်မြင်သည့်နေရာများသို့  လက်နက်ကြီးငယ်များ ယမ်းတမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာဒေသခံပြည်သူများ ကြောက်လှန့်ကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၊ နမ့်ဝါ‌ကျေးရွာဒေသခံများ ရွာလုံးကျွတ်ထွတ်ပြေးလာခြင်းဖြစ်ကြောင်း နှင့် နမ့်ဝါးကျေးရွာအနီးတစ်ဝှက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွတ်ပြေးတိမ်းရှောင်ခြင်းရှိမရှိ မသိရှိသေးကြောင်း ဒေသခံပြည်သူတစ်ဦးမှ ပြောပြခဲ့ပါသည်။

ယနေ့ နေ့လည် ၁၁ နာရီတွင် ရရှိသည့် သတင်းအချက်အလက်အရ ဟဲကွီကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် တာဝန်ယူကူညီပေးသည့် အဖွဲ့အစည်းများမရှိသေးသည့်အပြင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား ရပ်ရွာတာဝန်ရှိပုဂ္ဂိုလ်မှ စာရင်းကောက်ယူနေသဖြင့် လက်ရှိအချိန်တွင် စစ်ဘေးရှောင်မည်မျှရှိသည်ကို သိရှိခြင်းမရှိသေးပါ။

အစိုးရတပ်မတော် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်သည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် အခြေစိုက်ထားသည့် တပ်မဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း