ဟူးကွက်တိုက်ပွဲတွင်း တပ်ပေါင်းစုမှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဒေသခံနေအိမ်များ မီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာဘက်သို့  ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် TNLA တပ်ပေါင်းစုက စီမံချက်ဖြင့် ရည်ရွယ်ကာ ပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ဒေသခံနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့  နံနက် ၆ နာရီအချိန်ခန့်မှစ၍ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဖြစ်သည့် ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်း၌ မြောက်ပိုင်းတပ်ပေါင်းစုအဖွဲ့က ဟူးကွက်ကျေးရွာဘက်သို့ စီမံချက်ဖြင့် ရည်ရွယ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဟူးကွက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နှင့် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး သံဃာတော် ၂ ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဟူးကွက်တိုက်ပွဲတွင်း တပ်ပေါင်းစုမှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဒေသခံနေအိမ်များ မီးလောင်ပြာကျ

တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာတွင်းရှိ နေအိမ် ၃ အိမ် မီးရှို့ခံရပြီး ၂ အိမ်မှာ မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးခမ်းစံက မီဒီယာများအား – နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်တာ ညနေပိုင်းထိပဲ၊ တပ်ပေါင်းစုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ ကျွန်တော်တို့ RCSS/SSA က ဟူးကွက်ရွာထဲမရှိဘူး စခန်းက ရွာနဲ့ ၂ မိုင်လောက်ခြားတဲ့ တောင်ကြားထဲမှာရှိတယ်၊ ပြောမယ်ဆိုရင် ရွာရဲ့အရှေ့‌ဘက်နဲ့ တောင်ဘက်ပေါ့၊ တပ်ပေါင်းစုက ရွာရဲ့အနောက်ဘက်ကနေ ထိုးစစ်ဆင်ပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာဟု ယခုလိုရှင်းလင်းပြခဲ့သည်။

သျှမ်းမြောက်စစ်ရေးပဋိပက္ခများနှင့်ပတ်သက်ပြီးလည်း ဗိုလ်မှူးခမ်းစံက  တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော် တစ်ဖက်က မဆွေးနွေးလိုပဲ ဆက်တိုက်ထိုးစစ်ဆင်နေသည့်အတွက် တွေ့ဆုံဖို့ မဖြစ်နိုင်သေးကြောင်း၊ ယခုချိန်ထိ RCSS ဘက်က ခံစစ်အဖြစ် ကိုယ့်ကိုကိုယ် ကာကွယ်နေခြင်းသာဖြစ်ကြောင်း ရှင်းလင်းပြခဲ့သည်။

ဟူးကွက်တိုက်ပွဲတွင်း တပ်ပေါင်းစုမှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဒေသခံနေအိမ်များ မီးလောင်ပြာကျ

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး သျှမ်းမြောက်ဒေသရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား SSPP/SSA နှင့် TNLA တပ်ပေါင်းစုတို့က အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တပ်များ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ် နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး ကိုရိုနာရောဂါကပ်ဘေးကြား ဒေသခံထောင်နှင့်ချီစစ်ဘေးတိမ်းရှောင်နေရကာ ယခုချိန်ထိ ကျောက်မဲမြို့နယ်တွင် စစ်ရှောင် ၂၅၀၀ ကျော်သည် နေရပ်သို့မပြန်နိုင်သေးကြောင်း သိရှိရသည်။

တစ်ဖက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား SSPP/SSA နှင့် TNLA တပ်ပေါင်းစုတို့က စက်တင်ဘာလ ၁၄ ရက်နေ့ကစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုချိန်ထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာလျှက်ရှိပြီး ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသည်။

ဟူးကွက်တိုက်ပွဲတွင်း တပ်ပေါင်းစုမှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဒေသခံနေအိမ်များ မီးလောင်ပြာကျ

Taifreedom

Facebook

သတင်း