သျှမ်းအဆိုတော် စိုင်းဆေနွမ် ကွယ်လွန်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သျှမ်းတိုင်းရင်းသား နာမည်ကြီးအဆိုတော်တစ်ယောက် ဆင်တုပ်ကွေးရောဂါဖြစ်ပွားပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက်၄ ယန်းကုန်းကျေးရွာတွင်နေထိုင်သည့် သျှမ်းတိုင်းရင်းသား နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်သည့် စိုင်းဆေနွမ် အသက် ၆၁ နှစ်သည် ဆင်းတုပ်ကွေးဖြစ်ပွား၍ ဆေရုံးတွင်ဆေးကုသခြင်းခံယူပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆေးရုံမှ ဆင်းပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်၌ ၎င်း၏နေအိမ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသည့် သျှမ်းအဆိုတော်သည် သီးချင်းခွေ သုံး ခွေထွက်ရှိခဲ့ပြီး ၃ ခွေထဲမှ တေဢၢၼ်းလႆႈယူႇမွၵ်ႇႁၢင်ႈလီ(လှပသောပန်းရမည်နို့) သီချင်းသည် လူသိများသည့်သီချင်းဖြစ်ပြီး စိုင်းဆေနွမ်သည် ၄ခွေမြောက်အခွေအား ထွက်ရှိရန် ပြင်ဆင်းနေကြောင်း သိရှိရသည်။

Photo by facebook

Taifreedom

Facebook

သတင်း