သျှမ်းပြည် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှုးမှအစိုးရဝန်ထမ်းများအား RCSS/SSA လှုပ်ရှားမှုများ အထူးစောင့်ကြည့်ရန် ညွန်ကြား

သျှမ်းပြည် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲနိုင်မှ အစိုးရဝန်ထမ်းများအား RCSS/SSA၏လှုပ်ရှားမှုသတင်းများအား အထူးစောင့်ကြည့်ရန်နှင့် သက်ဆိုင်ရာဌာနသို့ တိုက်ရိုက်သတင်းပို့ပေးရန် အထွေထွေအုပ်ချုပ်ရေးရုံးတွင်ပြုလုပ်သည့် အစည်းအဝေး၌ ညွန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအ‌ဝေးအား ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်၌ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက် ၃ ပါလျဲန်တွင်တည်ရှိသည့် အထွေထွေအုပ်ချုပ်ရေးရုံးခွဲတွင် ပြုလုပ်ခဲ့ပြီး ကျိုင်းတုံမြို့တွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့ဝင်များ နှင့် ဌာနအသီးသီးမှအစိုးရဝန်ထမ်းများ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် သျှမ်းပြည် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲနိုင်မှ ကျေးလက်ရွာဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများအား မိမိရပ်ရွာဒေသတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA၏ လှုပ်ရှားမှုသတင်းများအား မျက်စိတောက်ထောက် အထူးစောင့်ကြည့်ရန်နှင့် သက်ဆိုင်ရာအစိုးရဌာနသို့ တိုက်ရိုက်သတင်းပေးပို့ရမည်ဟု ညွန်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအစောပိုင်းတွင်လည်း သျှမ်းပြည် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲနိုင်၏အမိန့်အရ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID)နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)တို့မှ မြို့နယ်တိုင်းရင်းသားနိုင်ငံ‌ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၁ ဦးတို့၏ ကိုယ်ရေးရာဇဝင် စစ်ဆေးယူဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း