သျှမ်းပြည်သူလူထု၏ တောင်ယာလုပ်ငန်းများကို ကူညီလုပ်ကိုင်နေသည့် RCSS/SSA တပ်သားများ

သျှမ်းပြည်နယ်သည် စိုက်းပျိုးရေးကို အဓိကထားသည့် ဒေသဖြစ်သည်နှင့်အညီ မိုးရာသီရောက်ပြီဖြစ်၍ သျှမ်းပြည်သူလူထုများ လယ်ယာကိုယ်စီထွန်ယက်စိုက်ပျိုးချိန်တွင် သျှမ်းပြည်သူလူထုအား ကာကွယ်ပေးသည့် သျှမ်းပြည်သူမှ မွေးထုတ်ပေးသော သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများသည် မိမိတို့ တာဝန်ကျရာ နယ်မြေတွင်းရှိ ဒေသခံပြည်သူလူထု၏ တောင်ယာလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများနှင့် ရယ်မောပျော်ရွှင်စွာ အတူတကွထမင်းဝိုင်းဖွဲ့စားသောက်ပြီး ခင်မင်ရင်းနှီးစွာဖြင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် RCSS/SSA ထိန်းချုပ်နယ်မြေတစ်နေရာတွင် ဒေသခံများအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တောင်ယာစပါး ပေါင်းနုတ်ကူညီခဲ့သည်။

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် တစ်နေရာတွင် ဒေသခံများအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ တောင်ယာစပါး ပေါင်းနုတ်ကူညီခဲ့သည်။

အလားတူစွာ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် RCSS/SSA ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ဒေသခံ၏ လယ်ယာအတွင်း၌ ကောက်စိုက်ကူညီခဲ့သည်။

Facebook

သတင်း