သျှမ်းပြည်မြောက်ပိုင်းတွင် (SSPP)မှ အိမ်ထောင်စုစာရင်းများ လိုက်လှံကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒေသခံပြည်သူများ၏ အိမ်ထောင်စုစာရင်းများအား လိုက်လှံကောက်ခံနေလျက်ရှိပြီး သားသ္မီး ၂ ဦးရှိပါက ၁ ဦးအား တစ်ခါတည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် SSPP တပ်ဖွဲ့မှ နမ့်လန်မြို့နယ် မန်လီကျေးရွာ အုပ်စုတွင်း အိမ်ထောင်စုစာရင်းများအား တစ်အိမ်မကျန် လိုက်လှံကောက်ခံလျက်ရှိပြီး မည်သည့်အိမ်ထောင်မဆို သား ၂ ဦး (သို့) သမီး ၂ ဦးရှိပါက တစ်ဦးကျ တခါတည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် သားသမီးများသည် ကျေးရွာတွင်းမရှိပဲ နယ်တွင် အလုပ်သွားလုပ်သည်ဖြစ်စေ ၊ နိုင်ငံခြားသို့ အလုပ်သွားလုပ်သည်ဖြစ်စေ မိသားစုဝင်တစ်ဦးဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး လူချင်းလာလဲလှယ်စေခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာပဲ SSPP တပ်ဖွဲ့မှ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ လားရှိူးမြို့နယ် ၊ နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်လန်မြို့နယ် စသည့်မြို့နယ်များတွင် အိမ်ထောင်စုစာရင်းများအား လိုက်လှံကောက်ခံ နေသည့်အပြင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ၊ မိုင်းကိုင်မြို့နယ် ၊ ပင်လုံမြို့နယ်မှာလည်း SSPP တပ်ဖွဲ့မှအိမ်ထောင်စုစာရင်းများအား ကောက်ခံနေ ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း