သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA မှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများဖမ်းဆီးရ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်သည့် သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ကျေးရွားများအား ဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၂၅ ဦးကို သက်သေခံပစ္စည်းနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင်RCSS/SSA တာဝန်ရှိနယ်မြေခံတပ့်ရင်းမှ မိူင်းကိုင်မြို့နယ်တွင် ဝမ်ဟွန်အွန်ကျေးရွာ ၊ ဝမ်နောင်ယန်ကျေးရွာ ၊ ဝမ်ပန်ဝိုး ၊ ဝမ်ဆိုင်ခေါင်ကျေးရွာ ၊ ဝမ်ဟွန်တွင် နှင့် ဝမ်ကုန်းနိဝ်စသည့်ကျေးရွာများတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၏ မူးယစ်ဆေးဝါးပေါ်လစီ နှင့်အညီ နယ်မြေခံတပ်ရင်းမှဝင်ရောက် စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ အမျိူးသမီး ၃ ဦး ၊ အမျိုးသား ၂၂ ဦး ၊သက်သေခံ စိတ်ကြွဆေးပြား (ယာမ၊WY) ၁၀၇၅ ပြား နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများကို RCSS/SSAမှ ထိန်းသိမ်းထားပြီး  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ ဖမ်းစီးရမိသူများအား  အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း