သျှမ်းပြည်နယ်တွင်း AA အခြေချရေးဆိုသည့် တပ်မတော် အဆိုပြုထားချက် ပဏာမအပစ်ရပ်စာချုပ်မူကြမ်းအား AA လက်မခံ

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များသည် မိုင်းလားတွေ့ဆုံချိန်တွင် တပ်မတော်ဘက်မှ ပေးအပ်ထားသည့် ပဏာမအပစ်ရပ်စာချုပ်မူးကြမ်းထဲတွင် AA ရခိုင်တပ်မတော်သည် သျှမ်းပြည်တွင်း အခြေချရေးဆိုသည့် အချက်အား လက်မခံနိုင်ကြောင်း၊ AA တစ်ဖွဲ့တည်းသာမက ကျန်သည့် မြောက်ပိုင်းမဟာမိတ်တွင်လည်း သဘောမတူနိုင်သည့်အကြောင်း သြဂုတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် ကျိုင်းတုံ ဆွေးနွေးပွဲတွင်း ဆွေးနွေးခဲ့ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ဘုံသဘောတူညီချက်များကို အစိုးရငြိမ်းချမ်းရေးကော်မရှင်အား ပြန်လည်ပေးအပ်ခဲ့ကြောင်း   AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်မှ သတင်းထောက်များအား  ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ဘုံသဘောတူညီချက်များသည် ရခိုင်ပြည်နယ်တွင်း တပ်မတော်၏ထိုးစစ်ဆင်တာတွေကို ရပ်တန့်ပေးဖို့ ၊ AA နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးခံထားသည့် ရခိုင်ပြည်သူတွေအား ပြန်လွတ်ပေးဖို့ ၊ ကျေးရွာတွင်းတွင် လက်နက်ကြီးများ မပစ်ခတ်ဖို့ ၊ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအရှိန်အား အမြန်ဆုံးလျော့ပေးဖို့ဆိုသည့် အချက်များပါဝင်ပြီး လာမည့် စက်တင်ဘာလ ၁၆-၁၇ ရက်နေ့ဆွေးနွေးပွဲတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသည့် အဖွဲ့ဝင်တစ်ဦးမှ စက်တင်ဘာလ ဆွေးနွေးပွဲမဖြစ်ခဲ့ဘူးဆိုလျှင် တပ်မတော်အနေဖြင့် ထိုးစစ်ဆင်ဖို့ အဆင်သင့်အနေအထားတွင်ရှိနေသည်ဟု ဆိုပါသည်။

ယခုလိုအခြေအနေနှင့် ပက်သက်ပြီး တပ်မတော်ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ မပြောနိုင်သေးကြောင်း တပ်မတော်အနေနှင့် အားလုံးပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောပါသည်။

၎င်းမှဆက်၍ စက်တင်ဘာလ ၁၆-၁၇ ရက်နေ့ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စလှယ်မှ ပါဝင် မပါဝင်မည်ကို မသိရသေးကြောင်း ၊ တပ်မတော်ကိုယ်စလှယ်ပါဝင်မှသာ နှစ်ဘက်တပ်နေရာချထားရေးတွေ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြောပါသည်။

Taifreedom

Facebook

သတင်း