သျှမ်းပြည်တွင်း မြို့နယ် ၂၃ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်

ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်မှ သျှမ်းပြည်အပါအဝင် ပြည်နယ် ၅ ခုနှင့် တိုင်းဒေသကြီး ၁ ခုအတွင်းရှိ ဒေသတချို့၌ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမရှိသောကြောင့် ရွေးကောက်ပွဲပြုလုပ်ကျင်းပမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရလည်းကောင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ‌‌ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း နှင့် ပယ်ဖျက်ခြင်း ဆိုသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (စ) အရ ရွေးကောက်ပွဲကျင်းပမည်မဟုတ်သည့် သျှမ်းပြည်တွင်း မြို့နယ် ၂၃ မြို့နယ်စာရင်းအား  ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

သျှမ်းပြည်တွင်း ရွေးကောက်ပွဲကျင်းပမည်မဟုတ်သည့် မြို့နယ်များမှာ မိုင်းလားမြို့နယ် ၊ပန်ဆန်း(ပန်ခမ်း)မြို့နယ် ၊ နားဖန်းမြို့နယ် ၊ မိုင်းမောမြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊ မိုင်းကိုင်မြို့နယ် စသည့်မြို့နယ်များတွင်  တစ်မြို့နယ်လုံး ရွေးကောက်ပွဲပယ်ဖျက်ခံရပြီး ကျောက်မဲမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု ၊ နောင်ချိုမြို့နယ်တွင် ဆိပ်ဖူးကျေးရွာအုပ်စု ၊ နမ့်ဆန်မြို့နယ်တွင် ကျေးရွာအုပ်စု ၃ ရွာအုပ်စု ၊ မန်တုံမြို့နယ်တွင် ကျေးရွာအုပ်စု ၂ အုပ်စု ၊ မိုင်းခတ်မြို့နယ်တွင် ကျေးရွာအုပ်စု ၄ အုပ်စု ၊မိုင်းယန်းမြို့နယ်တွင် ရပ်ကွက် ၂ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၁၃ အုပ်စု ၊ မိုင်းဖြတ်မြို့နယ်တွင် လုံကောင့်ကျေးရွာအုပ်စု ၊ မိုင်းယောင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၈ အုပ်စု ၊ ကွတ်ခိုင်မြို့နယ်တွင် ကျေးရွာအုပ်စု ၄ အုပ်စု ၊ မူဆယ်မြို့နယ်တွင် တော်ရွက်ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၉ အုပ်စု ၊ မက်မန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၁၇ အုပ်စု ၊ မိုင်းတုံမြို့နယ်တွင် ကျေးရွာအုပ်စု ၃ အုပ်စု ၊ တန့်ယန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၁၁ အုပ်စု ၊ လားရှိူးမြို့နယ်တွင် ကျေးရွာအုပ်စု ၆ အုပ်စု ၊ ကွမ်းလုံမြို့နယ်တွင် မန်ပြိန်းကျေးရွာအုပ်စု ၊ ကုန်းကြမ်းမြို့နယ်တွင် ဟုံအိုက်ကျေးရွာအုပ်စု ၊ ဟိုပန်မြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၃၇ အုပ်စု စသည့်ကျေးရွာအုပ်စုများအား ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တရား‌မျှတသော ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေမနေမရှိသည့် နယ်မြေများဖြစ်ကြောင်း ထုန်ပြန်စာထဲတွင်ပါရှိပါသည်။

အလားတူစွာ ကချင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၉၂ အုပ်စု ၊ ကရင်ပြည်နယ်မြို့နယ် ၆ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ၊ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၂ အုပ်စု ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိဘောနော်ခီးကျေးရွာအုပ်စု နှင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်တွင် တစ်မြို့နယ်ပိတ်ပင်ခံရပြီးကျန်မြို့နယ် ၃ မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၇ ရပ်ကွက်တို့တွင်လည်း တရား‌မျှတသော ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေမနေမရှိသည့် နယ်မြေဟု သတ်မှတ်ထားရှိပါသည်။

ပြီးခဲ့သည့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ကချင်ပြည်နယ် မြို့နယ် (၁၁) မြို့နယ် ၊ ကရင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ် ၊ မွန်ပြည်နယ်ရှိမြို့နယ် (၁) မြို့နယ် ၊ ရှမ်းပြည်နယ်ရှိမြို့နယ် (၁၃) မြို့နယ် နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် (၂) မြို့နယ် စုစုပေါင်းမြို့နယ် (၃၄) မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု စုစုပေါင်း (၄၀၀) ကျော်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါသည်။

Taifreedom

Facebook

သတင်း