သျှမ်းပြည်တွင်း မြို့နယ်အသီးသီးတွင် RCSS မှ (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ၊ ကျိုင်းတောင်းမြို့နယ် ၊ နမ့်စန်မြို့နယ် ၊ လင်းခေးမြို့နယ် ၊ မိုင်းကိုင်မြို့နယ် နှင့် မိုင်းနောင်မြို့နယ်တွင်း နေထိုင်သော ဒေသခံပြည်သူစုစုပေါင်း ၈၉၀ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း ပြုလုပ်သည့်အပြင် နှာခေါင်းစည်း(Mask) နှင့် အရက်ပြန်ပါဝင်သည့် လက်ဆေးရည်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း