သျှမ်းပြည်တွင်းမိုးသည်းလေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံး

မိုးသည်းလေပြင်းတိုက်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်၌ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် မိုးသည်းလေပြင်းတိုက်ခတ်သဖြင့် ဘုန်းတော်ကြီးကျောင်း ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး မိုးအရမ်းသည်းပြီး မိုးသီးများပါကျသည့်အပြင် လေပြင်းများလည်း တိုက်ခတ်ခဲ့သဖြင့် ကျေးရွာဘုန်းကြီးကျောင်း ၊ စားသင်ကျောင်း နှင့် ဒေသခံနေအိမ်များ၏ အိမ်အမိုးများပျက်စီးဆုံးရှုံးပြီး လေးပြင်းတိုက်ခတ်၍ သစ်ပင်ကြီးများ ပြိုလဲကာ နေအိမ်ထိခိုက်၍ အိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်း‌ပေးပို့ချက်အရ သိရှိရသည်။

၎င်းအပြင် ပြည်သူ့စစ်စခန်း(ပန်လျဲန်းဆိုင်)တွင်းရှိ နမ့်မင်းကျေးရွာနှင့် အခြားကျေးရွာများလည်း မိုးသည်းလေပြင်းတိုက်ခတ်သဖြင့် နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး သစ်ပင်ကြီးများ နှင့် ဓါတ်တိုင်များလည်း ပြိုလဲကာ နေအိမ်တချို့ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ထို့အပြင် လေပြင်တိုက်ခတ်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်ကျေးရွာအုပ်စု နားဆိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း နှင့် နောင်အောကျေးရွာအုပ်စု ကုန်းကျောင်းကျေးရွာတွင်းရှိ ဒေသခံနေအိမ်များ၏ အမိုးများပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း