သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် COVID-19 ရောဂါစောင့်ကြည့်လူနာတစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်ပြည်သူ့ဆေးရုံကြီးတွင်  COVID-19 ရောဂါစောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ခံရသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျေးသီးမြို့နယ်နေ အသက် (၄၁)နှစ် အမျိုးသမီးတစ်ဦးသည် ချောင်းဆိုးခြင်း ၊ မောပန်းခြင်း စသည့် ရောဂါလက္ခဏာများအား ၂၀၂၀ ခုနှစ် မတ်လ ၅ ရက်နေ့ကတည်းက ခံစားနေရပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသကာ အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သော ၂ ပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွားခဲ့သည်ဟု သိရှိရသဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲနမူနာရယူပြီး ရန်ကုန်မြို့ရှိ အမျိူးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးလျက်ရှိစဥ် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ၎င်းလူနာသည် ပြင်းထန်အဆုတ်ရောင်ရောဂါ နှင့် နာတာရှည်ရောဂါအခံဖြစ်သော ဆီးချိုရောဂါတို့၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်သည့် COVID-19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း ထဲတွင်ပါရှိပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ COVID-19 ရောဂါစောင့်ကြည့်လူနာ/သံသယလူနာများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် (၈၀) ဦး ၊မန္တလေးတိုင်းတွင် (၃၃) ဦး၊ သျှမ်းပြည်တွင် ၂၇ ဦး ၊ အခြားတိုင်း‌ဒေသကြီးနှင့် ပြည်နယ်များတွင် (၄၈) ဦး စုစုပေါင်း (၁၈၈) ဦး တွေ့ရှိထားပြီး အသွားသလာ ကန့်သတ်ခြင်း ၊ တားမြစ်ပိတ်ပင်ခြင်း၊(Hospital Quarantine)ပြုလုပ်ထားသူမှာ (၁၈၆)ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း