သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်အသီးသီးတွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာ‌ရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း နောင်လုံကျေးရွာအုပ်စု တွင် သံဃာတော်နှင့် ဒေသခံပြည်သူလူထု စုစုပေါင်း ၂၄၂ ဦး ၊ မိုးနဲမြို့နယ် လွယ်ဝပ်ကျေးရွာအုပ်စုတွင် တွင် သံဃာတော်နှင့် ဒေသခံပြည်သူလူထု စုစုပေါင်း ၁၁၅ ဦး ၊ နမ့်စန်မြို့နယ် ဟိုင်းဖတ်ကျေးရွာအုပ်စုနှင့် ဝမ်နောင်ကျေးရွာအုပ်စုတို့တွင် ဒေသခံပြည်သူစုစုပေါင်း ၁၁၇ ဦး ၊ ကျိုင်းတောင်းမြို့နယ် ကွန်မွန်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူစုစုပေါင်း ၁၀ ဦး ၊ မိုင်းပန်မြို့နယ် ဆောင်းဝါးကျေးရွာအုပ်စုနှင့် နားလောကျေးရွာအုပ်စုတို့တွင် ဒေသခံပြည်သူစုစုပေါင်း ၂၅၉ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်း နှင့်  ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒါအပြင် သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စု နေထိုင်သော စေတနာရှင်တစ်ဦးမှ RCSS ကျန်းမာရေးဝန်ထမ်းထံ ပြည်သူလူထုများအဖို့ နှာခေါင်းစည်းများ ဖြန့်ဝေပေးနိုင်ရန်အတွက် ငွေကျပ် ၂သိန်ခွဲ လူဒါန်းခဲ့သည့်အပြင် လဲချားမြို့နယ်နေထိုင်သော စေတနာရှင်တစ်ဦးလည်း ပြည်သူလူထုများအဖို့ ဖြန့်ဝေပေးနိုင်ရန်အတွက် နှာခေါင်းစည်းစုစုပေါင်း ၉၀၀ ခု နှင့် ရောဂါစစ်ဆေးရာတွင် အသုံးပြုသည့် ဝတ်စုံ ၃၀ စုံတို့ဖြင့် လှူဒါန်းခဲ့ကြေင်း သိရှိရသည်။

Taifreedom

Facebook

သတင်း