သျှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်သားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်မတော်သားတစ်ဦးသည် သျှမ်းတိုင်းရင်းသူတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်မမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် နမ့်စန်မြို့နယ် စစ်ပျူဟာမှူးသည် ကျေးသီးမြို့နယ်ရှိ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းသို့ လာရောင်စစ်ဆေးစဥ် နေ့လည် ၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ထဲမှ တပ်သားတစ်ဦးသည် မြစ်ချောင်းနံဘေးသို့သွားခိုက် သျှမ်းအမျိုးသမီးတစ်ဦးအား တွေ့ရှိကာ အဓမ္မပြုကျင့်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသမီး၏အနီးအနားရောက်သွား၍ အမျိုးသမီးဦးခေါင်းအား လက်ဖြင့် ဖိနှိပ်ကာ မုဒိန်းပြုကျင့်ရန် ကြိုးပမ်းနေချိန် အမျိုးသမီးသည်လည်း ကြောက်လှန့်၍ သံကြီးသံကျယ်ဖြင့် အော်ဟစ်ကာ အနီးအနားရှိ ဒေသခံရွာသားများသည် အသံကြား၍ အသံလာရာလမ်းသို့ လာနေခိုက် ၎င်းတပ်မတော်သားသည်လည်း လူလာနေသည်ကို တွေ့သဖြင့် ခလရ (၁၃၁) ထဲသို့ပြေးဝင်သွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းအပြင် သျှမ်းတိုင်းရင်းသူအား အဓမ္မပြုကျင့်ရန် ကြံစည်သည့် တပ်မတော်တပ်သားသည်လည်း ခလရ (၁၃၁) တာဝန်ရှိပုဂ္ဂိုလ်များမှ ၎င်းတပ်သား၏လုပ်ရပ်အား သိရှိသဖြင့် အဓမ္မပြုကျင့်ရန် ကြံစည်သည့် တပ်မတော်တပ်သား ထိန်းချုပ်ထားပြီး တပ်မတော်၏ စည်းမျဥ်းစည်းကမ်းအတိုင်း အရေးယူရန် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း