သျှမ်းပြည်တောင်ပိုင်းတွင် RCSSမှ COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ပုးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ၊ နမ့်စန်မြို့နယ် ၊ လင်းခေးမြို့နယ် နှင့် ကျိုင်းတောင်းမြိုန့ယ်တို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် RCSS/SSA နယ်မြေခံတပ်ရင်းများမှ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအား ဆန် ၊ ဆား နှင့် ဟင်းချိုမှုန့် စသည့် စားသောက်ကုန်များဖြင့် သွားရောက်ကူညီလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း