သျှမ်းပြည်တောင်ပိုင်းတွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်းထမ်းတို့ပူးပေါင်းပြီး သျှမ်းပြည်နယ်တောင်ပိုင်းတွင် ဆနင်းကျေးရွာအုပ်စု ၊ နားပုံကျေးရွာအုပ်စု နှင့် နမ့်တုတ်ကျေးရွာအုပ်စု တို့တွင် နေထိုင်ကြသော ဒေသခံပြည်သူလူထုများ နှင့် သံဃာတော်များ စုစုပေါင်း ၁၃၂၁ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း