သံဃာတော်အချင်းချင်း ပြဿနာဖြစ်ပွား၍ ဓါးခုတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် အုံမုကျေးရွာအုပ်စုတွင် တစ်ကျောင်းထဲနေ သံဃာတော် အချင်းချင်း ပြဿနာဖြစ်ပွားရာ ဆွေးနွေးဖြေရှင်းမှုမပြုလုပ်ပဲ ဓါးမဖြင့် ခုတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်ရရှိကာ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု ပန်ခါးကျေးရွားရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သတင်းသုံးနေသည့် သံဃာတော် ၁ ပါး ဘုရားဝတ်ပြုနေစဥ် သံဃာတော် ၁ ပါးမှ ဓါးမဖြင့် ခုတ်ခဲ့သဖြင့် ဇက် (လည်ပင်အနောက်ဖက်)တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ အဆိုပါသံဃာတော် ၂ ပါးသည် ပန်ခါးဘုန်းတော်ကြီးကျောင်းတွင် အတူသတင်းသုံးနေခြင်းဖြစ်ပြီး မည်သည့်ပြဿနာများကြောင့် ခြေလွန်လက်လွန်သည်အထိ ဖြစ်ပွားခဲ့ရသည်ကို မသိရှိရသေးကြောင်း၊ ဓါးဖြင့် ခုတ်ခံခဲ့ရသည့် သံဃာတော်မှာ ပြင်းထန်သည့် ဒဏ်ရာဖြစ်ကြောင်း နှင့်  သံဃာတော် အကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးပြီး ထိုက်တန်သည့်ပြစ်ဒဏ်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဓါးဖြင့် ခုတ်ခံခဲ့ရသည့် သံဃာတော်အား ဒေသခံပြည်သူများမှ ဝတ်ပြုပေးခဲ့ပြီး အရေးပေါ်ကားဖြင့် မြို့တွင်းရှိ ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း