သီပေါမြို့နယ် ၊ လင်းခေးမြို့နယ် ၊ ကျိုင်းတောင်းမြို့နယ် ၊တာချီလိတ်မြို့နယ် ၊ မိုင်းကိုင်မြို့နယ် နှင့် ပင်လုံမြို့နယ်တို့တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဖာလိုင်းကျေးရွာအုပ်စု ၊ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ၊ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စု ၊ ကျိုင်းတောင်းမြို့နယ် ၊ ပင်လုံမြို့နယ် နှင့် မိုင်းကိုင်မြို့နယ် ယန်းလွယ်ကျေးရွာအုပ်စုတွင်း ဒေသခံပြည်သူလူထုများစုစုပေါင်း ၁၄၁၉ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း နှင့် ပိုးသတ်ဆေးများ ဖြန့်ပေးခြင်းစသည့် လုပ်ငန်များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း