သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်လီကျေးရွာအုပ်စု နှင့် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် သံဃာတော်များနှင့် ဒေသခံပြည်သူလူထုများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19သံသယလူနာရှိမရှိ စစ်ဆေးခြင်း ၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအပြင် ကျောက်မဲမြို့နယ် မန်ခိုက်လုံကျေးရွာတွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ နယ်မြေခံတပ်ရင်းမှ နိုင်ငံခြားမှ နေရပ်သို့ပြန်လာသည့် ဒေသခံပြည်သူများအတွက် ၁၄ ရက်သီးခြားနေထိုင်ရန်အတွက် တဲအိမ်များ ‌ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းတည်ဆောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Taifreedom

Facebook

သတင်း