သီပေါမြို့နယ်တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်လည်း  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး  သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု နှင့် ကွန်ဟောက်ကျေးရွာအုပ်စုတွင်း နေထိုင်သော ဒေသခံပြည်သူလူထု  စုစုပေါင်း ၃၉၃ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း