သီပေါမြို့နယ်တွင် တပ်မတော်သား ၂ ဦးမှ ဒေသခံအမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ခေတ္တစခန်းလာရောက်ချထားသည့် အစိုးရတပ်မတော်သား ၂ ဦးမှ ဒေသခံအမျိုးသမီး တစ်ဦးအား နေအိမ်တွင်း အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တာလုံကျေးရွာတွင် ခေတ္တစခန်းချထားသည့် တပ်မတော် အမှတ် ၁၃၆ ခြေလျင်တပ်ရင်း (ခလရ ၁၃၆) အင်းအား ၇၁ ဦးခန့်မှ တပ်သား၂ ဦးသည် ညနေပိုင်းအချိန်တွင် တာလုံကျေးရွာဘုန်းတော်ကြီးကျောင်း အနီးရှိ နေအိမ်တွင်း အိပ်နေသည့် အမျိုးသမီးတစ်ဦးအား  ချောင်းကြည့်နေသည်ကို ဒေသခံပြည်သူများ မြင်တွေ့ခဲ့ပြီး ညပိုင်းရောက်၍ ‌ဒေသခံပြည်သူများ အိပ်ပျော်နေချိန် အဆိုပါ တပ်သား ၂ ဦးမှ ညနေပိုင်းကချောင်းကြည့်ခဲ့သည့် နေအိမ်သို့ ခိုးဝင်ပြီး နေအိမ်တွင်း အိပ်ပျော်နေသူ မအော်နိုင်ရန် တပ်သားတစ်ဦးမှ လက်ဖြင့် ပါးစပ်အုပ်ခဲ့ပြီး ကျန်တပ်သားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ဆောင်ရွက်နေစဥ် အဆိုပါအိပ်နေသူသည် အမျိုးသားတစ်ဦးဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ တပ်မတော်သား ၂ ဦးမှ အဓမ္မပြုကျင့်ရန်ကြံစည်သည့် နေအိမ်တွင် အသက် ၆၈ နှစ်အရွယ် မုဆိုးမ နှင့် ၎င်း၏ သား တို့  ၂ ဦးတာ နေထိုင်ပြီး နေ့ပိုင်းအချိန်တွင် သားဖြစ်သူက အလုပ်သွားပြီး ညပိုင်းအချိန်မှ နေအိပ်သို့ ပြန်အိပ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အမှတ် ၁၃၆ ခြေလျင်တပ်ရင်း (ခလရ-၁၃၆)သည် တန့်ယန်းမြို့နယ် ပိုင်းပတ်အုပ်စုတွင် အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။

တပ်မတော်သား ၂ ဦးမှ အဓမ္မပြုကျင့်ရန်ကြံစည်မှု ကျူးလွန်ခြင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ အပိုင်း ၃ အခန်း ၃ အပုဒ် ၉ ( ဍ ) အမျိုးသမီးများအား ဗလက္ကာယပြုခြင်း ၊ လိင်အကြမ်းဖက်ခြင်း ၊ အဓမ္မသားမယားပြုကျင့်ခြင်း ၊ လိင်မှုဆိုင်ရာကျွန်ပြုခြင်း မပြုလုပ်ရ ဆိုသည့် အချက်အား ချိုးဖောက်ကျူးလွန်းခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း