သီပေါတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကျ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါြမို့နယ်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီ ၄၀မိနစ်အချိန်တွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းကာ မိုးသီးများကြွေကျပြီး နေအိမ်များပျက်စီးမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

မနေ့က ၈ နာရီ ၄၀ မိနစ်မှာ လေပြင်းတွေတိုက် မိုးကြီးရွာပြီးတော့ မိုးသီးတွေကျတယ် ၊ မိုးသီးတွေကလဲ လောက်စာလုံးလောက်ရှိတယ် ၊ အချိန်အခါလဲမဟုတ် မိုးရွာပြီး မိုးသီးတွေကျတာ သီပေါမှာ တစ်ခါမှ မတွေ့ဖူးသေးဘူးလို့ သီပေါြမို့ခံတစ်ဦးက Taifreedom ထံပြောကြားခဲ့သည်။

သီပေါတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကျ
ဓါတ်ပုံ – Augn Kyaw Soe Facebook

လေပြင်းတွေတိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များ လမ်းမပေါ်နှင့် နေအိမ်များပေါ်သို့  ကျိုးကျခဲ့ပြီး နေအိမ်ခေါင်မိုးအချို့လည်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလှန်သည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားပေးတိုင်များပေါ်သို့ သစ်ပင်များကျိုးကျမှုကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည် ၁ နာရီအထိ လျှပ်စစ်မီးမရသေးဘဲ မြို့နယ်တာဝန်ရှိသူများက ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

သီပေါတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကျ
ဓါတ်ပုံ- Facebook

အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကျမှုကြောင့် သီပေါမြို့ရှိ တောင်ယာခင်းတွင် စိုက်ပျိုးထားသည့် သီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး သီပေါြမို့နယ် ကုန်းဆာကျေးရွာရှိ စာသင်ကျောင်း ၊ တိုက်နယ်ဆေးပေးခန်း နှင့် နေအိမ်ခေါင်မိုးအချို့လေနှင့်အတူ ပါသွားခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း