သီပေါကျေးလက်နေ ဒေသခံများအား RCSS/SSA မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေတာဝန်ခံ ဆေးကုသရေးအဖွဲ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် RCSS/SSA ၏ ဆေးကုသရေးအဖွဲ့က မိုင်းတုံဒေသခံ ကျား ၁၀ ဦး ၊ အသက် ၁၈ နှစ်အောက် ကလေး နှင့် အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၃၁ ဦးတို့အား သွေးအားနည်းရောဂါ ၊ နာတာရှည်ချောင်းဆိုးရောဂါ ၊ သွေးတိုးရောဂါ ၊ ရာသီတုပ်ကွေးရောဂါ ၊ အာဟာရဓါတ်ချို့တဲ့ရောဂါ  နှင့် အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးဆေးစစ်မှုများ အခမဲ့ ဆောင်ရွက်ပေးသည်။

Facebook

သတင်း