သဘာဝဘေးအန္တာရာယ်ကြုံတွေ့နေရသည့် ပြည်သူများအား ငွေကြေးနှင့် စားသောက်ကုန်များဖြင့် သွားရောက်လှူဒါန်းကူညီ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် လေးပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျေးရွာဘုန်းကြီးကျောင်း ၊ဒေသခံပြည်သူနေအိမ်များ နှင့် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ဖုန်းအားသွင်းရာမှ အိမ်မီးလောင်ခဲ့သည့် ဒေသခံအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ငွေးကြေးများနှင့် စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများအား ပေးလှူကူညီခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နားဆိုင်းကျေးရွာတွင် လေးပြင်းတိုက်ခတ်မှုကြောင့် နားဆိုင်းကျေးရွာဘုန်းကြီးကျောင်း နှင့် ဒေသခံပြည်သူနေအိမ် ၈ အိမ်တွင် အမိုးများ နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရုံးခဲ့ရသောကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား အထောက်အကူပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၆ ရက်နေ့တွင် RCSS တာဝန်ရှိပုဂ္ဂိုလ်မှ နားဆိုင်းကျေးရွာဘုန်းကြီးကျောင်းအား ဝတ္ထုငွေ သိန်း ၂၀ ကျပ်ဖြင့် သွားရောက်လှူဒါန်းသည့်အပြင် နေအိမ်ပျက်စီးရှုံးဆုံးခဲ့သည့် ဒေသခံများအား တစ်အိမ်ထောင်စုလျှင် ကျပ် ၃ သိန်းခွဲ မှ  ကျပ် ၄ သိန်းခွဲအထိ လှူဒါန်းကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဝမ်လောကျေးရွာအုပ်စု ဟိုပန်ကျေးရွာတွင် ဖုန်းအား ဆိုလာပြား(Solar)နှင့် တိုက်ရိုက်အားသွင်းမှုကြောင့် နေအိမ်မီးလောင်ရှုံးဆုံးခဲ့ရသဖြင့် အိမ်ရှင်အားအထောက်အကူပြုနိုင်ရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဆန် ၄ အိတ် ၊ ဆား ၁၀ ပိဿာ ၊ ဟင်းချိုမှုန့် ၁၀ ထုတ် နှင့် ငွေကြေး ၁ သိန်းကျပ်ဖြင့် ၎င်းအိမ်ရှင်အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း