လွယ်တိုင်းလျဲန်းတွင် ထိုင်းဘုရင်မင်းမြတ်မွေးနေ့ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျရောက်သည့်  ထိုင်းဘုရင်မင်းမြတ်၏ သက်တော် ၆၈ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းဘုရင်မင်းမြတ်မွေးနေ့ဆုတောင်းပွဲ အခမ်းအနားအား RCSS ဒုတိယ ဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း ၊ RCSS/SSA ဌာနဆိုင်ရာအကြီးအကဲများ ၊ ရပ်မိရပ်ဖများ ၊ သျှမ်းအမျိုးသားကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများ နှင့် RCSS/SSA တပ်သားများတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအစီအစဥ်အရ RCSS ဒုတိယ ဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး စိုင်းယီမှ ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့အား ဆုတောင်းစကားဖြင့် မီးထွန်းဆုတောင်းပေးပြီး စတုတီ စွမ်ရာဇာ သီချင်းဖွင့်၍ ထိုင်းဘုရင်မင်းမြတ်အား အလေးပြုခဲ့ပါသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ဧည့်ပရိတ်သတ်များမှ အတူတကွ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး RCSS ဒုတိယ ဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း ၊ RCSS/SSA ဌာနဆိုင်ရာအကြီးအကဲများမှ အခမ်းအနားအထိမ်းအမှတ်အဖြစ် အတူတကွ အမှတ်တရ ဓါတ်ပုံရိုက်ကာ ထိုင်းဘုရင်မင်းမြတ်မွေးနေ့ဆုတောင်းပွဲ အခမ်းအနားအား အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း