လူငယ်များစည်းလုံးမှုရှိစေရန်ရည်ရွယ်၍ လွယ်တိုင်းလျဲန်းတွင် အားကစားပြိုင်ပွဲကျင်းပ

လူငယ်များ မူးယစ်ဆေးဝါးကင်းစင်၍ စည်းလုံးညီညွတ်မှုရှိစေရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုတိုးစေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်းတွင် ချစ်ကြည်ရေး အားကစားပြိုင်ပွဲကျင်းပလျှက်ရှိသည်။

အားကစား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပပြီး ဇူလိုင်လ ၁၁ ရက်နေ့အထိ (၃) ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲကို သျှမ်းအမျိုးသားကျောင်း အလယ်တန်းအဆင့်ကျောင်းအုပ် စိုင်းဆိုင်စစ်က ဦးဆောင်ကျင်းပပြီး ကိုယ်ကာယကျန်းမာရေးကောင်းမွန်ခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသားများကိုကြိုဆိုခြင်း၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ခြင်း နှင့် ချစ်ခင်ရင်းနှီးမှုခိုင်မြဲရေးတို့ကို ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ စသည့် အားကစားနည်းမျိုးစုံကို အမျိုးသားအားကစားအဖွဲ့ (၁၈) ဖွဲ့၊ အမျိုးသမီးအားကစားအဖွဲ့ (၆) ဖွဲ့ စုစုပေါင်း အဖွဲ့ (၂၄) ဖွဲ့ ဖြင့်ယှဉ်ပြိုင်ကစားသွားမှာဖြစ်သည်။

ယခုအားကစားပြိုင်ပွဲတွင် သျှမ်းအမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသားများသာမက RCSS ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း ပါဝင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အနိုင်ရရှိသည့် အသင်းများကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးဖော်ဆောင်ရေး ကော်မတီမှ ကြီးမှူး၍ အားကစားပြိုင်ပွဲကို သျှမ်းအမျိုးသားကျောင်းတွင် ပညာသင်နှစ်အတွင်းသာမက သျှမ်းနှစ်သစ်ကူး၊ သျှမ်းအမျိုးသားနေ့စသည့် အထိမ်းအမှတ်နေ့များတွင်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

လူငယ်များစည်းလုံးမှုရှိစေရန်ရည်ရွယ်၍ လွယ်တိုင်းလျဲန်းတွင် အားကစားပြိုင်ပွဲကျင်းပလူငယ်များစည်းလုံးမှုရှိစေရန်ရည်ရွယ်၍ လွယ်တိုင်းလျဲန်းတွင် အားကစားပြိုင်ပွဲကျင်းပလူငယ်များစည်းလုံးမှုရှိစေရန်ရည်ရွယ်၍ လွယ်တိုင်းလျဲန်းတွင် အားကစားပြိုင်ပွဲကျင်းပTaifreedom

Facebook

သတင်း