လားရှိူးမြို့နှင့်ကွန်လုံမြို့ အကြားရှိတံတား ၂စင်း ဆက်လက်ဖျက်ဆီးခံရ/ လားရှိူးမြို့ ပရဟိတအသင်း ယာဥ်တန်းအား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှ ပစ်ခတ်

ယနေ့  ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှလားရှိူးမြို့နှင့် ကွမ်လုံမြို့အကြားရှိတံတားနှစ်စင်းအား ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လားရှိူးမြို့ ပရဟိတလူမှုကယ်ဆယ်ရေးယာဉ်တန်းအား တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်းနှင့် ပရဟိတ ဝန်ထမ်းနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့မနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင်သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ-ကွမ်းလုံကြား နားတီးကျေးရွာတံတားနှင့် လားရှိူး-သိန္နီ ကြား ဝမ်တွန်း-ပန်ဖြတ်ကျေးရွာ အနီးရှိတံတားအား မြောက်ပိုင်မဟာမိတ်တပ်ဖွဲ့ မှ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိူးမြို့နှင့် ၁၂ မိုင်အကွာခန့်ရှိ နမ့်တွန်-ပန်ဟက်ကျေးရွာအနီးရှိ တိမ်ဖြူပန့်ဆီဆိုင်အား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မီးလောက်သွားခဲ့ကြောင်း သိရှိရသည်။

လားရှိူးမြို့နယ် ပရဟိတလူမှုကူညီရေးအသင်းသည် မီးလောင်နေသည့် တိမ်ဖြူဆီပန့်ဆီဆိုင်တွင် ပိတ်မိနေသည့် ပြည်သူများအား ကူညီရန် ကားများဖြင့် သွားခိုက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှ ဦးဆောင်သွားသည့်ကားအား တိုက်ခိုက်ပစ်ခတ်ခဲ့သောကြောင်း ၊ ကျန်သည့်ကားများ‌ရှေ့ဆက်မသွားရဲပဲ နောက်ပြန်ဆုတ်ခဲ့ရကြောင်း ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ပစ်ခတ်မှုကိုခံရသည့် ပရဟိတကားတွင်း လားရှိူးလူငယ်များ ပရဟိတ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကွယ်လွန်ခဲ့ပြီး ပရဟိတအဖွဲ့ဝင် ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သိန္နီမြို့ရှိ အစိုးရစာသင်ကျောင်းများ ခေတ္တပိတ်ထားလိုက်ရကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း