သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် အမှတ် ၉ ခေးနင်းကျေးရွာတွင် လက်နက်ကြီးကျည် ၃ လုံးကျရောက်ပြီး ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှီခဲ့ကြောင်း သတင်းရရှိသည် ။
ဖြစ်စဥ်မှာ ဒီနေ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လားရှိုးမြို့ ရက်ကွက် အမှတ် ၉ အတွင်းတွင် လက်နက်ကြီး ၃ လုံးကျရောက်ကာ ဗုံး ၂ လုံးဗေါက်ကွဲခဲ့ပြီး ဒေသခံတစ်းဦး နေအိမ် ပျက်စီးကာ တစ်ဦး ဒဏ်ရာရရှိပြီး လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသခြင်းခံယူနေကြောင်း နှင့် ခေးနင်းကျေးရွာ နယ်မြေအမှတ် ၄ တွင် ကျရောက်သောမပေါက်ကွဲသေးသည့် ဗုံး ၁ အား တပ်မတော်မှ ၎င်းနေရာသို့ သွားရောက်စစ်ဆေးနေကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

၎င်းမှဆက်လက်၍ ခေးနင်းကျေးရွာအနီးတည်ရှိသည့် တပ်ရင်းအမှတ် ၆၂၆ တွင်းတွင်လည်း လက်နက်ကြီးတစ်ချို့ ကျရောက်ခဲ့ကြောင်း ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားသည့်အိမ်သည် ခေးနင်းကျေးရွာနေ ဦးကြိုင်နေအိမ်ဖြစ်ပြီး ဒဏ်ရာရရှိသည့် ဒေသခံသည် ဒေါ် ဆန်းဝင်း အသက် ၄၈ ဖြစ်ကြောင်းပြောပြခဲ့သည်။
Taifreedom