လားရှိုးမြို့နယ် ခေးနင်းပရိယတ္တိစာသင်တိုက်ဆရာတော်တစ်ပါးအား အမည်မသိလူနှစ်ဦးမှ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွား

သျှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျေးရွာတွင် ခေးနင်းပရိယတ္တိစာသင်တိုက် ၏ကျောင်းထိုင်ဆရာတော် သေနတ်ပစ်ခတ်ခံရပြီး အဆိုပါနေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု ခေးနင်းကျေးရွာတွင် တည်ရှိသည့် ခေနင်းပရိယတ္တိစာသင်တိုက်‌ကျောင်း၌ ကျောင်းထိုင်ဆရာတော် အရှင်ဘဒ္ဒန္တပညာဇောတ ( ဓမ္မစရိယ) သည် စကြႅန်တွင် လမ်းလျှောက်နေစဥ် အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဆရာတော်အား သေနတ် ၅ ချက်ထိမှန်ကာ အခင်းဖြစ်ပွားသည့် နေရာတွင် ပျံလွန်တော်မူခဲ့ပြီး အဆိုပါ သေနတ်သမား ၂ ဦးလည်း ဆိုင်ကယ်စီးကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါသေနတ်ပစ်ခံရသည့် ဆရာတော် အရှင်ဘဒ္ဒန္တပညာဇောတ ( ဓမ္မစရိယ) သည် သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိပြီး  လုံဆန်လိန် + ပါကလိန်းတို့၏ သားတော်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း