ရပ်စောက်မြို့နယ်တွင် RCSS/SSAမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ထပ်မံဖမ်းဆီးရမိ

ရပ်စောက်မြို့နယ်တွင် ဒေသခံပြည်သူလူထုများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA မှ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားသူ ၃ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၁ ရက်နေ့တွင် RCSS/SSA နယ်မြေခံ တပ်ရင်းထံသို့ ဒေသခံပြည်သူများ၏ မူးယစ်ဆေးဝါးရောင်းဝယ်သူအမည်စာရင်းအား ပေးပို့အကြောင်းကြားချက်အရ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု နောင်ဝိုးကျေးရွာတွင် သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးအား သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူ ပါယိင်းမှာ WYအမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၂၀၃၀၀ ပြား၊ ပါသန်းရွှေမှာ WYအမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၄၀၀ ပြား ၊ မူးယစ်‌ဆေးဝါးပတ်သက်ငွေကျပ် ၁၆ သိန်း၊ စိုင်းအိတ်မှာ WYအမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၂၀၀ ပြား ၊ မူးယစ်ဆေးဝါးပတ်သက်ငွေ ၅ သောင်းကျပ် ၊ တူးမီးသေနတ်တို ၁ လက် စုစုပေါင်း WYအမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၂၀၉၀၀ ပြားနှင့် မူးယစ်ဆေးဝါးပတ်သတ်ငွေကျပ် ၁၆ သိန်း ၅ သောင်း သိမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၆ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နားခဲကျေးရွာအုပ်စု နားခဲကျေးရွာ နှင့် ကျိုင်းခမ်းကျေးရွာအုပ်စု နားစံကျေးရွာတွင် RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ပူးပေါင်းပြီး မသကႅာသည့်နေရာများ စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦးအား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၂၂၄၄ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်။

Taifreedom

Facebook

သတင်း