ရပ်စောက်မြို့နယ်တွင် RCSS မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နားခဲကျေးရွာအုပ်စု  နှင့် ကျိုင်းခမ်းကျေးရွာအုပ်စုတို့တွင် RCSS/SSA နှင့် ဒေသခံပြည်သူလူထုတို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး‌‌ရောင်းဝယ်သူ ၃ ဦးအား သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၆ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA၏ နယ်မြေခံတပ်ရင်းများထံ ဒေသခံပြည်သူလူထုများသတင်းပေးပို့ချက်အရ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နားခဲကျေးရွာအုပ်စု နားခဲကျေးရွာတွင်  RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး မသကႅာသည့်နေရာများစစ်ဆေးရာ စိုင်းစိတ္တအား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၂၂၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စု နားစံကျေးရွာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် RCSS/SSA နယ်မြေခံတပ်ရင်းများတို့ ပူးပေါင်းပြီး မသကႅာသည့် နေရာများစစ်ဆေးရာ စိုင်းအာနိုး နှင့် လုံးခန့်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၄၄ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း