ယနေ့ သျှမ်းမြောက်နမ့်လန် ဝမ်စိမ်းအုပ်စုတွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွား

သျှမ်းမြောက်နမ့်လန်မြို့နယ် ဝမ်စိမ်းအုပ်စုတွင် RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန်မှစ၍ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်မြို့နယ် ဝမ်စိမ်းအုပ်စုတွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

နှစ်ဖက်တပ်များ ဝမ်စိမ်းအုပ်စုရှိ ခိုင်းဆင်၊  ခိုင်းအန်၊ မန်ကောင်း၊ ကုန်းဆာ၊ ကောင်းဟတ် နှင့် ကုန်းကော်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ သျှမ်းမြောက်နမ့်လန် ဝမ်စိမ်းအုပ်စုတွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွား
SSPP/SSA

ယနေ့ မွန်းလွှဲ ၁:၃၀ နာရီအချိန်ထိ ပစ်ခတ်သံများ ကြားနေရပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိတ်ကို မသိရှိရသေးပါ။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝမ်စိမ်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံ အမြောက်အများ နမ့်လန်မြို့ပေါ်သို့ ကိုရိုနာကပ်ဘေးကြားတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Taifreedom

Facebook

သတင်း