မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနှင့် တပ်မတော် တိုက်ပွဲကြား တပ်မတော်မှ ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းမုအုပ်စု မန်မိုင်-ဆန်ခါရွာအနီးတွင် တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လေကြောင်းမှတဆင့် တိုက်ခိုက်လျှက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့ မနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ တပ်မတော် တပ်မ (၁၀၁) ၊ ခမရ (၂၅၅) ၊ ခမရ (၂၅၉) နှင့် ခမရ (၁၄၅) တပ်ရင်း နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတို့  နမ္မတူမြို့နယ် မိုင်းမုအုပ်စု မိုင်းမုရွာ တောင်ဘက် ၊ မန်မိုင်-ဆန်ခါရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ မတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိရာ တပ်မတော်မှ ရဟတ်ယာဉ် အသုံးပြု၍ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအား တိုက်ခိုက်ခဲ့သည်။

တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတို့ ယနေ့ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံလူထုအများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သတင်းရရှိသည်။

မတ်လ ၂၇ ရက်နေ့ မနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မိုင်းမုအုပ်စု မိုင်းမုကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ အိမ် ၊ ဂိုဒေါင် ၁ လုံး မီးလောင်ပြာကျခဲ့ရကြောင်း သတင်းရရှိသည်။

Facebook

သတင်း