မူးယစ်ဆေးဝါးကြောင်ပြီး ခင်ပွန်းဖြစ်သူမှ မိမိ၏ဇနီးနှင့် သားသမီးများအား သတ်ဖြတ်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် မူးယစ်ဆေးဝါးကြောင်ပြီး ခင်ပွန်းဖြစ်သူမှ မိမိ၏ဇနီးမယားနှင့် သားသမီးများအား သတ်ဖြတ်သဖြင့် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပါခီးကျေးရွာအုပ်စု အိုင်‌ယောဝ်ကျေးရွားနေထိုင်သည့် အိုက်ဆန် အသက် ၂၈ နှစ်သည် မူးယစ်ဆေးကြောင်ကာ ဇနီးသည်နှင့် သားသမီးများအား သတ်ဖြတ်ပြီး ဇနီးသည်ဖြစ်သည့် အေးမွေ အသက် ၂၇ နှစ်သည် ဘယ်ဝမ်ဗိုက်တွင် ဓါးဒဏ်ရာ ၁ ချက် ၊ဘယ်ဘက်နားရွက်ပေါ်တွင် ဓါးဒဏ်ရာ ၁ ချက် ၊တူးမီးသေနတ်ဒဏ်ရာ နှင့် သမီးအငယ်ဖြစ်သည့် အွယ်နိင့် အသက် ၁ နှစ်သည် လည်ပင်းတွင် လှီးဖြတ်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ၎င်း၏ သားအလတ်ဖြစ်သည့် စိုင်းထူးအသက် ၃ နှစ်သည်  ဦးခေါင်းတွင်ချွန်ထက် ထိုးသွင်းဒဏ်ရာဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သေဆုံးခဲ့ပြီး သားအကြီးဖြစ်သည့် စိုင်းဝန်ကောင်း အသက် ၅ နှစ်သည် ဘယ်ဘက်မျက်လုံးနှင့် ရင်ဘတ်တွင် ထုနှက်ဒဏ်ရာဖြင့် ၎င်း၏အဘွားအိမ်တွင် ဆေးကုသခြင်းခံယူနေရကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သည့် အိုက်ဆန် အသက် ၂၈ နှစ်သည်လည်း အခင်းဖြစ်ပွားသည့်နေ့တွင် ထွက်ပြေးသွားခဲ့ပြီး ယနေ့တိုင် ဖမ်းမိခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်မရ သိရှိရသည်။

Taifreedom

Facebook

သတင်း