မူဆယ်မြို့နယ်နှင့် ပန်ဆိုင်းမြို့နယ်တွင်း သျှမ်းစာပေသင်တန်း နှင့် ဓမ္မစကူးလ်သင်တန်းကျောင်းအား၂၅ နေရာတိတိ ဖွင့်လှစ်

မဟာဝံဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဆရာတော် နရနာထ ဦးဆောင်မှ ဉီးစီးဦးဆောင်၍ ဓမ္မစကူးလ်ဖြစ်မြောက်ရေး အဖွဲ့နှင့် ပူးပေါင်း၍ မူဆယ်မြို့နယ်နှင့် ပန်ဆိုင်းမြို့နယ်တွင်း သျှမ်းစာပေသင်တန်း နှင့် ဓမ္မစကူးလ်သင်တန်းကျောင်းအား၂၅ နေရာတိတိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသျှမ်းစာပေသင်တန်း နှင့် ဓမ္မစကူးလ်သင်တန်းသည် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ဖြစ်ပြီး အပတ်စဥ် တနဂႅနွေနေ့ ဖွင့်လှစ်သင်ကြားပေးရာတွင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၀၀၀ ခန့်တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

ဖွင့်လှစ်ထားသည့် သင်တန်း ၂၅ နေရာအတွက်  စာသင်ကိရိယာများကို မဟာဝံဖောင်ဒေးရှင်းမှ တာဝန်ယူ ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပညာဒါနအဖြစ် စာအုပ် ၊ ခဲတံ ၊ စာပေ စသည့် စာရေးကိရိယာများ နှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းလိုသော စေတနာရှင်များအတွက် စားပွဲခုံ ၁ လုံး ၅၀၀၀ ကျပ် ၊ ကျောက်သင်ပုန်း ၁ တစ်ချပ် ၉၀၀၀၀ ကျပ် ၊ မာကာ( Marker) တစ်ဗူး ၄၀၀၀ ကျပ် ၊ ဖတ်စာအုပ် ၁ အုပ် လျှင် ၁၀၀၀ ကျပ်စျေးနှုန်းဖြင့် မဟာဝံဖောင်ဒေးရှင်း၏အတွင်းရေးမှူး ဆရာတော် ဝပ္ပ ဖုန်းနံပါတ် ၀၉၄၄၅၂၀၁၆၂၉ တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း