မူဆယ်မြို့နယ်တွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်းရှိ စာသောက်ဆိုင်တစ်ဆိုင်အား TNLA တပ်ဖွဲ့မှ အခွန်ကောက်၍ မရသဖြင့် ဆိုင်ရှေ့တွင် ဗုံးပေါက်ခွဲခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲသူမှာ TNLA တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်လည်း အဆိုပါဆိုင်ရှင်ထံ TNLA တပ်ဖွဲ့မှ လာရောက်အခွန်တောင်းခဲ့သော်လည်း ဆိုင်ရှင်မှ အခွန်ပေးဆောင်ခြင်းမရှိခဲ့ပေ။ ယခုဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည်လည်း ဆိုင်ရှင်ထံ အခွန်ကောက်၍ မရသဖြင့် ဆိုင်ရှေ့တွင် ဗုံးပေါက်ခွဲခဲ့ခြင်းသာဖြစ်မည်ဟု ဆက်လက်ပြောပြပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံပြည်သူလူထုများ မရှိသော်လည်း စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသည့် ကားမှာမူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် TNLA တပ်ဖွဲ့ အခွန်ဦးစီးဌာနမှ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်းရှိ ပွဲရုံများ ၊ ဟိုတယ်များ နှင့် တည်းခိုခန်းများတွင် ဝင်ငွေခွန်လာရောက်ပေးဆောင်ရန် စာစောင်ပေးပို့ခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း