မူဆယ်မြို့တွင် COVID-19 ကူးစက်ခံရသည့်လူနာ တွေ့ရှိ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အဘွားအိုတစ်ယောက်အပါအဝင် COVID-19 ရောဂါကူးစက်ခံရသူ ၅ ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်း အသွားအလာကန့်သတ်ထားရှိသည့် အသက် ၈၇ နှစ်အရွယ် အဘွားအို နှင့်အတူ ရန်ကုန်မြို့ အသွားအလာကန့်သတ်ထားရှိသူ ၃ ဦးတို့မှာ COVID-19 ရောဂါးပိုးတွေ့ရှိသည့်အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားမှာလည်း COVID-19 ရောဂါပိုးတွေ့ရှိပြီး ၎င်းလူနာများအား သက်ဆိုင်ရာဆေးရုံသို့ လွှဲပြောင်းကုသပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ ည ၁၁ နာရီတွင် ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID-19ရောဂါကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုလူနာ ၁၄၄ ဦးမှာ ရန်ကုန်မြို့ အထူးကုဆေးရုံကြီးတွင် ၆၈ ဦး ၊ တောင်ဥက္ကလာအထူးကုဆေးရုံကြီးတွင် ၃၉ ဦး ၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၆ ဦး ၊ ကချင်ပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၅ ဦး ၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် ၁ ဦး ၊ မကွေးမြို့ ပြည်သူ့ဆေးရုံတွင် ၁ ဦး ၊ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံတွင် ၁ ဦး ၊ မန္တ‌လေးမြို့ ကန်တော်နဒီဆေးရုံကြီးတွင် ၂ ဦး ၊ သျှမ်းပြည်နယ်တွင်း ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၃ ဦး ၊ တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ၂ ဦး ၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး နှင့် မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ၁ ဦး စုစုပေါင်း ၁၃၀ ဦးဖြစ်ပြီး လူနာ ၅ ဦးသေဆုံကာ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း