မူဆယ်မြို့တွင် ပြည်သူ့စစ်များ မိမိနေရာသို့ပြန်သွားရန် တပ်မတော်အမိန့်ပေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင်းတည်ရှိသည့် ပြည်သူ့စစ်များအား မိမိနေရာသို့ပြန်သွားရန် တပ်မတော်မှအမိန့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တပ်မတော်သည် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ ၊ မိုင်းပေါပြည်သူ့စစ်တပ်ဖွဲ့ နှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့တို့အား ခေါ်၍ အစည်းအဝေးပြုလုပ်ကာ အစည်းအဝေးတွင် တပ်မတော်မှ ဖေဖော်ဝါရီလကုန်မှာ မူဆယ်မြို့တွင်း တည်ရှိသည့် ပြည်သူ့စစ်များသည် တပ်မတော်မှ ချမှတ်ထားသည့် နေရာများသို့ ‌ရွေ့ပြောင်းပေးရမည်၊ မြို့မပြည်သူ့စစ်တပ်ဖွဲ့မှလွဲ၍ ကျန်သည့် ပြည်သူ့စစ်တပ်ဖွဲ့များသည် တပ်ပြင်ပသို့ လက်နက်ခဲယမ်းများ ကိုင်ဆိုင်ခြင်းမပြုကြပါရန် နှင့် မြို့သူမြို့သားများကဲသို့ နေထိုင်ရမည်ဟု တပ်မတော်မှ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကောင်းခါး ၊ မိုင်းပေါ နှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့များသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမလ)၏ လက်အောက်ခံတပ်ဖွဲ့များဖြစ်ကြောင်းသိရှိရသည်။

Taifreedom

Facebook

သတင်း