မူဆယ်နမ့်ခမ်းမြို့သံဃာတော်အသင်းမှ ရန်ပုံငွေ တရားပွဲနှင့် ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့

ပြည်တွင်းပြည်ပတွင် ပညာသင်ကြားနေသည့် သံဃာတော်များအား အထောက်အပံ့ပေးနိုင်ရန် မူဆယ်နမ့်ခမ်းမြို့သံဃာတော်အသင်းမှ ရန်ပုံငွေရှာ တရားပွဲနှင့် ဟောပြောပွဲအား အောင်မြင်ပြီးမြောက်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရန်ပုံငွေရှာ တရားပွဲနှင့် ဟောပြောပွဲသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇-၁၈ ရက်နေ့တွင် မူဆယ်မြို့နယ် ကောင်းမူးခမ်းဘုန်းကြီးကျောင်း၏ ဓမ္မရုံတွင် ပြုလုပ်ကျင်းပပြီး ဝတ့်နမ့်ဟီးကျောင်း ဆရာတော်ကောဝိဒ နှင့် နမ့်ခမ်းမြို့ ဝတ့်လျဲန်းပိုင်းကျောင်း ဆရာတော် ဝံဏသာရ တို့တက်ရောက်တရားချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့  ညနေ ၂ နာရီတွင် ဟောပြောပွဲစတင်ဖွင့်လှစ်ပြီး နမ့်ခမ်းမြို့ ဝတ့်ကွန်လုံကျောင်းမှ ဆရာတော်ပဏ္ဍိတ(မောဝ်းဆိုင်ဖ)B.A.MA(Sri Lanka)နှင့် မိုင်းမောဝ်မြို့ ဝတ့်တိုင်ခမ်းလုံကျောင်းမှ ဆရာတော် အာတိစ္တ(သံလွင်မြစ်အောက်ပိုင်း ဗုဒ္ဓသာသနအဖွဲ့၏ စာရေးလက်ထောက်)တို့မှ လောကီလောကုတ္တရာပညာရေး အကြောင်း နှင့် လူမှုရေးဆိုင်ရာနေထိုင်နည်း စသည့်ခေါင်းစဥ်များဖြင့် သြဝါဒပေး ‌ဟောပြေားသွားခဲ့ကြောင်းသိရသည်။

ဟောပြောပွဲပြီးနောက် အစီစဥ်အရ မူဆယ်မြို့ သံဃာတော်အသင်းခေါင်းဆောင်ဖြစ်သည့် ဆရာတော် နရဏာထ(မဟာစဓမ္မဇောတိကထစ)နှင့် နမ့်ခမ်းမြို့ ဝတ့်ဇေယျသုခကျောင်း ဆရာတော်ဓမ္မသီရိတို့မှ  ပြည်တွင်းပြည်ပတွင် ပညာသင်ကြားနေသည့် သံဃာတော်များအားပညာရေးအထောက်အပံ့အဖြစ် ဝတ္ထုငွေလှူဒါန်းပေးခဲ့သော ဒါယာကာ၊ဒါယိကာမ များအား ဂုဏ်ပြုချီးမြှင့်လွှာပေးအပ်ခဲ့ကြောင်းသိရသည်။

Taifreedom

Facebook

သတင်း