မူဆယ်တွင် အန္တရာယ်ကင်းရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နေ ပြည်သူပြည်သားများ ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကျက်သရေမင်္ဂလာပြည့်စုံစေရန် ရည်စူး၍ အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို မူဆယ်မြို့ ကောင်းမူးခမ်းကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဆရာတော် ၊ သံဃာတော်များက ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္စျာယ်ကြရာ မူဆယ်မြို့နေ ဒါယိကာ၊ ဒါယိကာမများက တရားတော်ကို နာယူကြည်ညိုကြသည်။

အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်၊ သံဃာတော် ၇၂ ပါးပင့်ဖိတ်ပြီး ပင့်ဖိတ်သည့် ဆရာတော်၊ သံဃာတော်များက မူဆယ်မြို့ ကောင်းမူးခမ်းကျောင်းတိုက်တွင် စုဝေးပြီးနောက် အဖွဲ့ ၁၂ ဖွဲ့ ခွဲကာ မူဆယ်မြို့ရှိ ရပ်ကွက်အလိုက်နှင့် အရပ်ရှစ်မျက်နှာအစရှိသော အလုံးစုံသော သတ္တဝါများ ဘေးအန္တရာယ်ကင်းဝေးစေရန် ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခဲ့ကြောင်း သတင်းရရှိသည်။

Facebook

သတင်း