မိုးနဲမြို့နယ် နှင့် ပုံပါကျင်မြို့နယ်တွင် သဘာဝဘေးအန္တာရာယ်ကြောင့် ဒေသခံနေအိမ်ပျက်စီး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ၁၅ ရက်နေ့တွင် မိုးသက်လေပြင်းကျ၍ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲတွင် ဒေသခံ၏ နေအိမ်များပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မိုးသက်လေပြင်းကျသည့်အချိန်မှာ နေ့လယ် ၂ နာရီခန့်ဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် နားခန်ကျေးရွာအုပ်စု နားခန်ကျေးရွာတွင် မိုးသက်လေပြင်းကျသည့်အပြင် မိုးသီးများပါကျသဖြင့် ဒေသခံနေအိမ် ၂ အိမ်၏ အမိုးများပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်း‌ပေးပို့ချက်အရ သိရှိရသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲတွင် မိုးသက်‌လေပြင်းကျ၍ စွန်ကွေကျေးရွာဘုန်းကြီးကျောင်း ဓမ္မရုံအမိုးပျက်စီးပြီး ဝမ်ဒုန်ဖင်းကျေးရွာ နှင့် နမ့်ဟူးကျေးရွာတွင်းရှိ ဂိုဒေါင် ၃ ခုပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မေလအတွင်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ၊ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နှင့် ခိုလမ်မြို့နယ်တို့တွင် မိုးသက်လေပြင်းကျ၍ ဒေသခံပြည်သူများ၏ နေအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်သည်။

Taifreedom

Facebook

သတင်း