မိုးနဲမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဆက်စပ်သူ ၈ ဦးအား RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့်အတူ ဆက်စပ်သူ ၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ည ၉ နာရီခန့်တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဝမ်ကျိုင်း(နားလင်း) ကျေးရွာနှင့် ဝမ်ကုန်းမက်စလီ ကျေးရွာတို့အား ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃) ဦး ၊ မူးယစ်ဆေးဝါးသုံးစွဲသူ (၅) ဦး နှင့်အတူ သက်သေခံပစ္စည်းများဖြစ်သည့် တူမီးသေနတ် (၁) လက် နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဆက်စပ်သူ ၈ ဦးကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းများ နှင့် အကျင့်စာရိတ္တပြုပြင်မှုများ ဆက်လက်လုပ်ဆောင်သွားပေးမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း