မိုင်းတုံမြိုန့ယ် ၊ မိုင်းကိုင်မြို့နယ် နှင့် ကျေးသီးမြို့နယ်တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင်း နေထိုင်သော ဒေသခံပြည်သူလူထုများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၎င်းအပြင် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်မိန်းကျေးရွာအုပ်စု၊ ပန်ကေတုကျေးရွာအုပ်စု နှင့် ကျေးသီးမြို့နယ် ဝမ်ခုန့်ကျေးရွာအုပ်စုတွင်း နေထိုင်သော ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း