မိုင်းတင်းအုပ်စု ကြီးကြပ်ရေးမှူးတစ်ဦး လုပ်ကြံခံရ

ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၆ ရက်နေ့ နေ့လည်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု မန်စန်းကျေးရွာ ပြောင်းခင်းအတွင်း၌ အမျိုးသား (၁) ဦး ဦးခေါင်းထိုးဖောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်အရ ထိုအမျိုးသားမှာ မိုင်းတင်းကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး ဦးကောဆွေဝန်း အသက် (၅၀) နှစ်ဖြစ်ပြီး မိုင်းတင်းကျေးရွာအုပ်စု မန်စန်းကျေးရွာအတွင်းရှိ ၎င်းပိုင်ဆိုင်သည့် ပြောင်းခင်းအတွင်း တောင်ယာသွားလုပ်ချိန် အမည်မသိသူ/အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ယခုချိန်ထိ မည်သည့်အကြောင်းကြောင့် လုပ်ကြံသတ်ဖြတ်ခံရသည်ကို မသိရှိရသေးဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း