မိုင်းငေါ့မြို့နယ်တွင် TNLAတပ်ဖွဲ့ ထောင်မိုင်းကြောင့် ဒေသခံတစ်ဦး ထပ်မံသေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲတွင် လက်ဖက်ကောက်နေသည့် ဇနီးမောင်နှံသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် TNLAတပ်ဖွဲ့ထောင်ထားသည့်  ထောင်မိုင်းနင်းမိပြီး ဆေးကုသခြင်းခံယူနေစဥ် ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မိုင်းငေါ့မြို့နယ်ခွဲ ခိုမ်ကောဝ်ကျေးရွာအုပ်စု မမို့ကျေးရွာ ဒေသခံရွားသားဖြစ်သည့် စိုင်းသိန်း နှင့် နန်းငေးဆို့ တို့ဇနီးမောင်နှံသည် ခိုမ်မိုင်ကျေးရွာသွားရာလမ်းတွင် တည်ရှိသည့် ၎င်းတို့လက်ဖက်ခြံတွင်းတွင် လက်ဖက်ကောက်နေစဥ် TNLA  တပ်ဖွဲ့ထောင်ထားသည့် ထောင်မိုင်းအား နင်မိသဖြင့် စိုင်းသိန်းသည် လက်တွင် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သော်လည်း ၎င်းဇနီးဖြစ်သည့် နန်းငေးဆို့မှာမူ ခြေထောက်ပြင်းထန်ဒဏ်ရာဖြင့် နမ့်တွင်ဆေးရုံးသို့ ပို့ဆောင်ခဲ့ရပြီး ဆေးကုသယူနေစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ၁၁ နာရီခန့်၌ မိုင်းလုံမြို့နယ်ခွဲ တောင်ပလို့‌ကျေးရွာ တွင် ဒေသခံရွာသား ၂ ဦး လက်ဖက်ခြံအနီး TNLAတပ်ဖွဲ့မှ ထောင်ထားသည့်ထောင်မိုင်းအား နင်းမိရာ ဒေသခံ ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း