မိုင်းကိုင်မှာ SSPP/SSA တပ်ဖွဲ့၏ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ

ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က လူနေကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ရာ ကျေးရွာတွင်းသို့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
 
၂၀၂၁ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ ယမန်နေ့ နေ့လည် ဒေသစံတော်ချိန် ၁၂:၃၀ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းပြည်တပ်မတော် SSPP/SSA သည် ၄င်းတို့ထိုးစစ်ဆင်လှုပ်ရှားရာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲ ဝမ်စိမ်းကျေးရွာအုပ်စု ကုန်းဆာကျေးရွာဘက်မှနေ၍ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ဆတ်ကျေးရွာအုပ်စု ပန်ဝါကျေးရွာဘက်သို့ ၁၀၇ မမ အမျိုးအစား လက်နက်ကြီးကျည်ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သောကြောင့် ကျေးရွာတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မှာ SSPP/SSA တပ်ဖွဲ့၏ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ
 
တစ်လုံးမှာ ပန်ဝါကျေးရွာနေ စိုင်းပေါက်၏ နေအိမ်တွင်ကျရောက်ပေါက်ကွဲပြီး အိမ်ခေါင်မိုးများ ထိခိုက်ပျက်စီးကာ၊ နောက်တစ်လုံးမှာ ဒေသခံတစ်ဦး၏ (အမည်မသိရသေး) နေအိမ်ခြံစည်းရိုးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကျည်စများမှာ ခြံစည်းရိုးအပြင်အိမ်ဝင်းအတွင်း ရပ်ထားသည့် မော်တော်ယာဉ်များကိုပါ ထိမှန်ပျက်စီးခဲ့သည်။
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက – အခုတလော တိုက်ပွဲမရှိဘူး ၊ သူတို့ (SSPP/SSA) ဘက်က တစ်ဖက်သတ်ပစ်လာတာနေမှာ၊ ကံကောင်းလို့ လူမထိမိတာ ဟုဆိုသည်။
 
ကျေးရွာတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ကတည်းက ပန်ဝါကျေးရွာနေ ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
မိုင်းကိုင်မှာ SSPP/SSA တပ်ဖွဲ့၏ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ
 
တစ်ဖက်တွင်လည်း ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ ဒေသတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့သည် နမ့်လန်မြို့နယ်ခွဲ ဝမ်စိမ်းကျေးရွာအုပ်စုနေ လုံးပန်မွန်း အသက် ၄၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုချိန်ထိ အဆက်အသွယ်ပြတ်နေပြီး သေသည်ရှင်သည်ကို မသိရသေးကြောင်း၊ အချို့ဒေသခံများက လုံးပန်မွန်းဟာ SSPP/SSA လက်ချက်ကြောင့် ဆုံးသွားပြီဟု မှတ်ချက်ပေးနေကြသည်။
 
သြဂုတ်လ ၂၄ ရက်နေ့ကလည်း ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ပန်ဟတ်ဘုန်းတော်ကြီးကျောင်းတွင် စာသင်ပေးနေသည့် ဘကကျောင်းဆရာ စိုင်းကျောက်ကို ဖုန်းပစ္စည်းသိမ်းဆည်းကာ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခေါ်‌ဆောင်သွားရာ သြဂုတ်လ ၂၇ ရက်နေ့တွင် ကြိုးတုပ်ဖမ်းထားပြီး ယခုချိန်ထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
 
ထို့အပြင် ဝမ်စိမ်းကျေးရွာအုပ်စုတွင်နေထိုင်သော ‌ဒေသခံများကိုလည်း ဖုန်း အင်တာနက်သုံးစွဲခွင့် တားမြစ်ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
မိုင်းကိုင်မှာ SSPP/SSA တပ်ဖွဲ့၏ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ
 
Taifreedom

 

Facebook

သတင်း