မိုင်းကိုင်မြို့နယ် ၊ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့နယ်တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ယန်းလွယ်ကျေးရွာအုပ်စု ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု နှင့် ဟိုပုံးမြို့နယ် ဝမ်‌ကောက်ကျေးရွာအုပ်စုတွင်း နေထိုင်သော ဒေသခံပြည်သူလူထု စုစုပေါင်း ၉၉၉ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းနှင့် ပိုးသတ်ဆေးဖြန့်ပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း