မိုင်းကိုင်မြို့နယ် နှင့် လဲချားမြို့နယ်တို့တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျေးရွာ တာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ယန်းလွယ်ကျေးရွာအုပ်စု နှင့် ဝမ်ဟွေကျေးရွာအုပ်စု ၊ လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စုတွင်း နေထိုင်သော ဒေသခံပြည်သူလူထု စုစုပေါင်း ၄၄၃ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်းများ ပြုလုပ်ခဲ့သည့်အပြင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကောင်းကျိုးစသည့် အသိပညာများလည်း ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း